ကနေဒါ ပီအာ အကြောင်း

Express Entry (EE) - Federal Skilled Worker (FSW) Stream

ကနေဒါ ပီအာ process အကြောင်းကို သူငယ်ချင်းတွေ မေးနေကြလို့ ဒီမှာ ပြည့်ပြည့်စုံစုံ ရေးပေးထားပါတယ်။ ကနေဒါ ကလည်း ဩစတြေးလျ လိုပဲ အမှတ်စနစ်နဲ့ သွားတာပါပဲ။ ဩစတြေးလျ ထက်တော့ paperwork ပိုရှင်းတယ်လို့ ထင်ပါတယ်။

အဓိကအဆင့် ၃ ဆင့် ရှိပါတယ်။

၁။ Expression of Interest (EOI) (pool ထဲဝင်တယ်လို့လည်း အလွယ်ပြောနိုင်ပါတယ်။)
၂။ Invitation to Apply (ITA) (cut-off score မီလို့ လျှောက်ဖို့ ကမ်းလှမ်းခံရခြင်းပါ။)
၃။ Application

၁။ Expression of Interest (EOI)

Pool ထဲဝင်ဖို့ ကနဦးလိုအပ်ချက်က သူတို့သတ်မှတ်ထားတဲ့ ကဏ္ဍ(၆)ခု အတွက် စုစုပေါင်း အမှတ်တစ်ရာမှာ (၆၇)မှတ်ရဖို့ လိုပါတယ်။ အဲ့ဒီကဏ္ဍတွေကတော့

၁။ ဘာသာစကား (၂၈မှတ်)
၂။ ပညာရေး (၂၅မှတ်)
၃။ အလုပ်အတွေအကြုံ (၁၅မှတ်)
၄။ အသက် (၁၂မှတ်)
၅။ ကနေဒါကအလုပ် offer ရှိထားရင် (၁၀မှတ်)
၆။ အသားကျနိုင်စွမ်း (၁၀မှတ်)

(၆၇)မှတ် ပြည့်ဖို့ အကြမ်းဖျဉ်း အင်္ဂလိပ်စာ အထိုက်အလျောက်ထက်နည်းနည်းပိုကောင်းပြီး၊ ဒီဂရီဘွဲ့တခုနဲ့ အသက် (၃၆)နှစ်အောက် ကိုယ့်ဘွဲ့နဲ့ဆိုင်တဲ့လုပ်ငန်းခွင်မှာ လုပ်သက်(၆)နှစ် ရှိထားဖို့ လိုပါလိမ့်မယ်။ အဲ့ဒီအပြင် ဆဌမမြောက်ကဏ္ဍဖြစ်တဲ့ အသားကျနိုင်စွမ်းမှာ (အများဆုံး ၁၀မှတ်အတွက်) ဘာတွေကို အမှတ်ထပ်ပေးလဲ ဆိုတော့−

မိမိအိမ်ထောင်ဘက်ရဲ့ ဘာသာစကားကျွမ်းကျင်မှု (၅မှတ်)
မိမိရဲ့ ယခင် ကနေဒါမှာ ကျောင်းတက်ထားတဲ့ ပညာရေး (၅မှတ်)
မိမိအိမ်ထောင်ဘက်ရဲ့ ယခင် ကနေဒါမှာ ကျောင်းတက်ထားတဲ့ ပညာရေး (၅မှတ်)
မိမိရဲ့ ယခင် ကနေဒါမှာ အလုပ်လုပ်ထားတဲ့ အတွေ့အကြုံ (၁၀မှတ်)
မိမိအိမ်ထောင်ဘက်ရဲ့ ကနေဒါမှာ အလုပ်လုပ်ထားတဲ့ အတွေ့အကြုံ (၅မှတ်)
မိမိရဲ့ ကနေဒါမှာနေထိုင်နေတဲ့ နိုင်ငံသား (သို့) ပီအာ ဆွေမျိုးသားချင်း* (၅မှတ်)

"ဆွေမျိုးသားချင်း" လို့ ဆိုရာမှာ မိဘ၊ အဘိုးအဘွား၊ သားသမီး၊ မြေး၊ မိမိရဲ့ မောင်နှမ၊ မိမိအိမ်ထောင်ဘက်ရဲ့ မောင်နှမ၊ မိမိရဲ့ ဦးလေး/အဒေါ်၊ မိမိအိမ်ထောင်ဘက်ရဲ့ ဦးလေး/အဒေါ်၊ မိမိရဲ့ တူ/တူမ၊ မိမိအိမ်ထောင်ဘက်ရဲ့ တူ/တူမ တွေကို လက်ခံပါတယ်။

အတိအကျကို ဒီမှာ (opens in a new tab) ကိုးကားတွက်ချက်ကြည့်ပါ။

IELTS

ကနဦးလိုအပ်ချက်မှာ (၆၇)မှတ်နဲ့ အထက်ရပြီဆိုရင်... pool ထဲဝင်ဖို့ လိုအပ်ချက်က ရှင်းပါတယ်။ IELTS ဖြေထားတဲ့ active result လိုပါတယ်။ Invitation ရဖို့ကတော့ အမှတ်အနေအထား တစ်ခု လိုပါလိမ့်မယ်။ IELTS အ‌မှတ်စာရင်းရဲ့ code နံပါတ်လိုတာမို့ မ‌ဖြေထားပဲ ဝင်လို့မရတာပါ။

ဖြည့်စွက်။ မတ် '၂၄ − Canada က migration အတွက် IELTS General အပြင် PTE Core ကိုပါ လက်ခံပါပြီ။ PTE Core ကို ၂၀၂၃−၂၄ ကနေ စပြီး လက်ခံတာဖြစ်လို့ လက်ရှိမှာ အင်္ဂလိပ်စာအတွက်ဆိုရင် IELTS General (သို့) PTE Core (သို့) CELPIP General ဖြေလို့ ရပါမယ်။ အသေးစိတ်ကို ဒီမှာ (opens in a new tab) ကြည့်ပါ။ PTE အမှတ်တွေရဲ့ CLB သတ်မှတ်ချက်ကို အောက်က ပုံမှာ ကြည့်လို့ရပါတယ်။ Source: Person PTE (opens in a new tab)

ပြင်သစ်စာအဓိကနဲ့ PR လျှောက်မယ်ဆိုရင်လည်း TEF Canada နဲ့ TCF Canada စာမေးပွဲတွေ ရှိတယ်လို့ ပြောပါတယ်။ ပြင်သစ်စာမေးပွဲတွေအကြောင်းတော့ ကျွန်တော် ဂဃနဏ မသိပါဘူး။

WES

နောက်ပြီး ကိုယ့်ရဲ့ diploma, bachelor's degree, master's degree and Ph.D. တွေကို ကနေဒါက အဖွဲ့အစည်းတွေဆီ ပေးပြီး ကနေဒါရဲ့ diploma နဲ့ညီလား bachelor's degree နဲ့ညီလား master's degree နဲ့ညီလား Ph.D နဲ့ညီလား အဆုံးအဖြတ်ခံယူရပါတယ်။ အဖွဲ့အစည်း ၆ ခု ရှိပြီး အလုပ်များကြတာကတော့ World Education Services (WES) ပါ။ အဲ့မှာပဲ လုပ်ဖို့ အကြံပေးချင်ပါတယ်။

အသိအစ်မတစ်ယောက်က တခြားအဖွဲ့အစည်းတစ်ခုမှာ လုပ်တာ ကိုယ့်ရဲ့ cert တစ်ခုအတွက် fee သပ်သပ်ပေးရတယ်လို့ ပြောပါတယ်။ WES က per user ပါ။ တစ်ယောက်ကို ကနေဒါဒေါ်လာ ၂၂၀ ပေးရပါတယ်။ (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်ပါ။) ကိုယ့်မှာ diploma, degree, double degree, master's, Ph.D. ရှိတာ အကုန်ပို့ပေးလို့ရပါတယ်။ ပို့လည်း ပို့ပေးသင့်ပါတယ်။ (ခုနောက်ပိုင်း အမြင့်ဆုံးဘွဲ့ကိုပဲ တောင်းတယ်လို့ ကြားတယ်။ - ဖြည့်စွက်။ အောက်တိုဘာ '၂၂) ကျောင်းတွေဆီက transcripts တွေကို WES ဆီကို ချိတ်ပိတ်ပြီး ပို့ပေးရမှာပါ။ ကျောင်းတွေမှာ တိုက်ရိုက်ပို့ပေးတဲ့ ဝန်ဆောင်မှု ရှိပါတယ်။ မြန်မာနိုင်ငံကကျောင်းတွေကတော့ မပို့ပေးလို့ ‌ကျောင်းကို ချိတ်ပိတ် စာအိပ်အဖုံးပေါ် လက်မှတ်ခွထိုးခိုင်းပြီး ကိုယ်တိုင်ပဲ DHL/EMS နဲ့ ပို့ပေးရမှာပါ။ (သြစတြေးလျကျောင်းတွေက ပြီးတာဆိုရင်တော့ MyEquals စနစ်ကို WES က support လုပ်ပါတယ်။)

နောက်ပြီး မြန်မာနိုင်ငံက ကောလိပ်၊ တက္ကသိုလ်တွေက အစိုးရကျောင်းတွေမို့ အသိအမှတ်ပြုမှု ကောင်းတဲ့ထဲမှာပါပါတယ်။ Ranking နိမ့်လို့ အသိအမှတ်မပြုမှာကို မစိုးရိမ်နဲ့လို့ အကြံပေးချင်ပါတယ်။ Diploma to Diploma, Degree to Degree, Master to Master ကို အသိအမှတ်ပြုပါတယ်။ (ကျောင်းတိုင်းကိုတော့ အာမမခံရဲပါ။) Accredition အားနည်းတဲ့ private တက္ကသိုလ်တွေဆိုရင်လည်း နည်းနည်းကိစ္စရှိကောင်းရှိနိုင်ပါတယ်။ (Case တစ်ခု မြင်ဖူးထားလို့ပါ။)

အဲ့တော့ IELTS နဲ့ WES ရရင် pool ထဲ စဝင်လို့ရပါပီ။

၂။ Invitation to Apply (ITA)

ကနေဒါရဲ့ immigration ဌာနက တစ်လကို ၂ ကြိမ် cut-off score တစ်ခုနဲ့ pool ထဲကလူတွေကို invitation ထုတ်ပေးပါတယ်။ Cut-off score က ၄၃၀ နဲ့ ၄၇၀ ကြားမှာ (လက်ရှိ) ရှိနေပါတယ်။ အမှတ်တွက်ပုံတွက်နည်း နည်းနည်းရှင်းပြပါ့မယ်။ အမှတ်ကို Comprehensive Ranking System Score (CRS Score) လို့ အောက်မှာ ဆက်သုံးသွားပါမယ်။ အောက်မှာရှင်းပြမယ့်အမှတ်ရပုံတွေရဲ့ ကိုးကားက ဒီမှာ (opens in a new tab) ပါ။

Age

CRS ရဲ့ ပထမဆုံး အမှတ်ပေးတဲ့ Factor က အသက်ပါ။ အမှတ်အများဆုံးရတဲ့ အရွယ်က ၂၀ နဲ့ ၂၉ ကြားပါ။ အသက် ၃၀ က စပြီး အမှတ်က လျော့လာပါတယ်။

Education (WES)

ကိုယ့်ရဲ့ cert တွေပို့လိုက်လို့ ကနေဒါက အသိအမှတ်ပြုတဲ့အဆင့်အတိုင်း အမှတ်တွေ ဒီလိုရပါလိမ့်မယ်

၁) Bachelor's = 120

၂) Diploma + Bachelor's = 128 (နှစ်ခုထဲက တစ်ခုက ၃ နှစ်သင်ယူထားတာ ဖြစ်ရပါမယ်)

၃) Master's = 135

ကောင်းတာကတော့ အမှတ်စဉ် (၂) နဲ့ (၃) ဆို ပိုကောင်းပါတယ်။ (ဘာလို့လဲဆိုတာ နောက်ပိုင်း IELTS ကိုရှင်းပြတဲ့အခါ တွဲပြီး ပြန်ရှင်းပြပါမယ်။)

IELTS

IELTS ကတော့ ဒီလောက်ရဖို့ recommend လုပ်ပါတယ်။

Listening = 8
Speaking, Reading, Writing = 7

ကနေဒါက IELTS skills တွေရဲ့ band တွေကို စုပြီး Canada Language Band တစ်ခု ပြန် သတ်မှတ်လိုက်ပါတယ်။ (ရည်ညွှန်းရလွယ်အောင်လား မပြောတတ်ပါဘူး။) အပေါ်က ပြောတဲ့ L8,S7,R7,W7 ကို သူတို့က Canada Language Band 9 (or) CLB 9 လို့ သတ်မှတ်ပါတယ်။ CLB 9 က recommended အမှတ်ပါ။ CLB တွက်ပုံကို ဒီမှာ (opens in a new tab) လေ့လာနိုင်ပါတယ်။ အောက်မှာလည်း အလွယ်တကူ ကြည့်နိုင်အောင် ပုံပြထားပါတယ်။

IELTS and CLB

PTE အမှတ် နှင့် CLB Band သတ်မှတ်ချက် (ဖြည့်စွက်။ မတ် '၂၄)

PTE and CLB

အဲ့ထက်ပိုရရင် ရ‌သ‌လောက်ကို အမှတ်ပေးလို့ အစွမ်းကုန်ဖြေဖို့ တိုက်တွန်းချင်ပါတယ်။ ဖြစ်နိုင်ရင် အောက်မှာ ရေးထားတဲ့ အမှတ်တွေလောက်ရအောင် ကြိုးစားစေချင်ပါတယ်။ Best case CLB10 ပါ။ Recommended CLB9 ထက် CRS Score ၁၂ မှတ် ပိုရပါမယ်။ ယေဘူယျ ခက်တယ်လို့ သတ်မှတ်ကြတဲ့ Writing ကို 7.5 ရဖို့ကလွဲလို့ ကျန်တဲ့ အမှတ်တွေက ကောင်းကောင်းကြီး ဖြစ်နိုင်ပါတယ်။ (တချို့အတွက် Writing 7.5 ကလည်း သိပ်ကြီး မခက်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်။)

Speaking = 7.5
Listening = 8.5
Reading = 8
Writing = 7.5

အပေါ်မှာ ရှင်းပြမယ်လို့ ပြောခဲ့သလို diploma + degree (one with 3-year study) OR master's degree ရှိထားပြီး

CLB7 or CLB8 ရရင် Skill transferability factor တစ်ခုအနေနဲ့ ၂၅ မှတ် ထပ်ပေးပါတယ်။
CLB9 or CLB10 ဆိုရင် အမှန် ၅၀ ထပ်ပေးပါတယ်။

Work Experience

ကနေဒါက သတ်မှတ်ထားတဲ့ National Occupational Classification (NOC) စာရင်းထဲမှာပါတဲ့ အလုပ်အကိုင်သက်တမ်း အနည်းဆုံး သုံးနှစ်ရှိရပါမယ်။ ကနေဒါရဲ့ NOC ကို ဒီမှာ (opens in a new tab) ကြည့်ပါ။

အလုပ်အတွက်လည်း Skill transferability factor ရှိပါတယ်။ သတ်မှတ်ဘောင်ဝင်တဲ့အလုပ်ကို သုံးနှစ်လုပ်ထားပြီး

CLB7 or CLB8 ရရင် ၂၅ မှတ် ထပ်ပေးပါတယ်။
CLB9 or CLB10 ဆိုရင် အမှန် ၅၀ ထပ်ပေးပါတယ်။

အဲ့တော့...

CLB7 or CLB8 ရရင် Education နဲ့ Work Experience အတွက် အမှတ် ၅၀
CLB9 or CLB10 ရထားမှ Education နဲ့ Work Experience အတွက် အမှတ် ၁၀၀ ထပ်ဆောင်းရမှာဖြစ်ပါတယ်။

အိမ်ထောင်

အိမ်ထောင်ရှိရင် အိမ်ထောင်ဖက်ရဲ့ IELTS နဲ့ WES reports တွေကနေ အမှတ်တွေ ထပ်ရနိုင်ပါတယ်။ အိမ်ထောင်မရှိတဲ့သူတွေအနေနဲ့ စိတ်မပျက်ပါနဲ့။ အခြေအနေချင်း တူတူမှာ အိမ်ထောင်မရှိသူကို CRS score ပိုပေးထားပြီးသားပါ။ ဆိုပါစို့...

အသက် ၃၀ ချင်းတူတူမှာ အိမ်ထောင်ရှိသူက ၉၅ မှတ်ပဲ ရချိန်မှာ အိမ်ထောင်မရှိသူက ၁၀၅ မှတ် ရပါတယ်။ (အိမ်ထောင်ရှိသူလို့ ဆိုရာမှာလည်း အိမ်ထောင်ဘက်က ကိုယ်နဲ့အတူ မလိုက်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ဆုံးဖြတ်ရင် အိမ်ထောင်မရှိသူရဲ့ ရမှတ်အတိုင်း ရမှာ ဖြစ်ပါတယ်။)

Others

တခြားရနိုင်တဲ့ အမှတ်တွေကတော့ ပြင်သစ်စာ ကျွမ်းကျင်ရင် အမှတ်ထပ်ရပါမယ်။ ကနေဒါက အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာသာကို ရုံးသုံးအဖြစ်ပြဌာန်းထားတဲ့ bilingual နိုင်ငံတစ်ခုပါ။ နောက်ပြီး ကနေဒါမှာ ကျောင်းပြီးတာ... အလုပ်တစ်နှစ်လုပ်ဖူးတာတွေ အမှတ်တွေ ထပ်ရပါတယ်။

အားလုံးပေါင်းပြီးလို့ ကိုယ့်ရမှတ်က cut-off score နဲ့ မီသွားတဲ့အခါ Invitation to Apply (ITA) ရပါလိမ့်မယ်။ Cut-off score က ခုနောက်ဆုံး မေလ draw မှာတော့ ၄၇၀ နဲ့ နည်းနည်း မြင့်နေပါတယ်။ ဒါပေမယ့် အဲ့ဒီဖြတ်တဲ့အမှတ်က တချိန်လုံး အတက်အကျ ဖြစ်နေတာပါ။ မရသေးရင် စိတ်ရှည်ရှည်နဲ့ စောင့်ပါ။ ကြားထဲမှာ အမှတ်တိုးနိုင်မယ့်ကိစ္စဆတွ ကြိုးစားနေရမှာ ဖြစ်ပါတယ်။ (အများဆုံး‌လုပ်နိုင်တာကတော့ IELTS ကို ထပ်ပြီး အမှတ်များအောင် ကြိုးစားတာပါ။ IELTS နဲ့ ပတ်သက်ပြီး မအိဝေရဲ့ အကြုံပြုချက်ကို အောက်မှာ ဖတ်နိုင်ပါတယ်။)

Application Fee

Application fee က လူကြီး တစ်ယောက်အတွက် ကနေဒါဒေါ်လာ ၅၅၀ ပါ။ နောက်ပြီး Right of Permanent Residence Fee (RPRF) ဆိုတာက PR ကျလာရင် ပေးရတာပါ။ အဲ့တာက တစ်ယောက်ကို ကနေဒါဒေါ်လာ ၄၉၀ ပါ။ အစတည်းက တခါထဲ ကြိုပေးထားလည်း ရပါတယ်။ ကလေးတစ်ယောက်အတွက် ကနေဒါဒေါ်လာ ၁၅၀ ပေးရပါတယ်။ အသေးစိတ်ကို ဒီမှာ (opens in a new tab) ကြည့်ပါ။

Application Fee

၃။ Application

ITA ရပြီးရင်တော့ application တင်လို့ရပါပြီ။ တင်ဖို့ ရက် ၆၀ အချိန်‌ပေးပါတယ်။ တင်ရမယ့် စာရွက်စာတမ်းတွေက

၁။ သူတို့သတ်မှတ်ထားတဲ့ ဆေးခန်းမှာ စစ်ထားတဲ့ ဆေးစစ်ချက် (ဆေးခန်းက ကနေဒါ system ထဲကို တိုက်ရိုက် upload လုပ်တာပါ)
၂။ မိမိနေထိုင်ခဲ့တဲ့ နိုင်ငံအသီးသီးက ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာများ
၃။ EOI မှာ ဖြည့်စွက်ထားတဲ့ အလုပ်အတွေ့အကြုံအတွက် ကုမ္ပဏီထောက်ခံစာများ
၄။ ဘဏ္ဍာရေး အာမခံ (Proof of Funds) အတွက် မိမိရဲ့ နောက်ဆုံး ၆ လစာ bank statements

Proof of Funds အတွက်က
တစ်ယောက်ထဲသမားအတွက် ကနေဒါဒေါ်လာ ၁၂၆၀၀ ဝန်းကျင်
နှစ်ယောက်အတွက် ၁၅၇၀၀ ဝန်းကျင်
သုံးယောက်ဆိုရင် ၁၉၄၀၀ ဝန်းကျင် စသဖြင့် ပြဖို့ လိုအပ်ပါလိမ့်မယ်။

Proof of Funds အချက်အလက် အသေးစိတ်ကို ဒီမှာ (opens in a new tab) ကြည့်နိုင်ပါတယ်။ ပုံလေး အောက်မှာ ပြထားပါတယ်။

Proof of Funds

အဲ့စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်နဲ့ application form တင်ပြီး processing time သတ်မှတ်ချိန် ၆လဝန်းကျင် စောင့်ပြီးရင်တော့ သင့်ရဲ့ passport မှာ visa ကပ်ပေးဖို့ Passport Request (PPR) email ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ Passport Request ရလာရင် သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုဌာနကနေ passport ရယ်၊ ဓာတ်ပုံရယ်တို့ကို ပို့ပေးရမှာ ဖြစ်ပါတယ်။ အချိန် သုံးပတ်ကနေ တစ်လစောင့်ပြီးရင် visa ကပ်ပြီးသား passport နဲ့အတူ confirmation of permanent residence (COPR) letter ပါ အတူရရှိပါလိမ့်မည်။ ကနေဒါကို ​​​သွား​ရောက် land လုပ်ပြီး PR ကို activate လုပ်ပြီးရင်တော့ PR process ပြီးဆုံးပြီ ဖြစ်ပါတယ်။


မအိဝေရဲ့ IELTS နဲ့ ပတ်သက်တဲ့ တန်ဖိုးရှိတဲ့ အကြံပေးချက်လေးတွေကို အစ်မခွင့်ပြုချက်နဲ့ ဖြည့်စွက်ထားပါတယ်။


မောင်လေးသန့်ဇင် ပြောထားတာ အတော်စုံတယ်။ အသက်ကြောင့် အမှတ်တွေ ကျလာမဲ့ အမတို့လို ၃၀ကျော် တွေ အတွက် အားရှိအောင် တစ်ခုထပ်ဖြည့်ပြီး ပြောချင်ပါတယ်။ သိသလောက်လေး share လိုက်ပါတယ်။ လေ့လာချင်တဲ့လူတွေအတွက် info အကုန် အစုံ သိအောင်ပါ။

အသက် ၃၀ ကျော်လာတော့ အမှတ်တွေက လျော့လာတော့ အမှတ်တွေ ရမဲ့နည်းကို စဉ်းစားရင် academic or IELTS နဲ့ အားဖြည့်လို့ ရတယ်။ ဒါပေမဲ့ ကိုယ့်လိုချင်တာ ရဖို့ကတော့ အတော်တော့ ခက်ပါတယ်။

1. Academic

academic အတွက်က ကိုယ့်မှာ Bachelor / diploma ဘွဲ့ တစ်ခုပဲ ရှိရင် အချိန်ရရင် 1 year diploma ဖြစ်ဖြစ် ထပ်တက်သင့်တယ်၊ အသိ သူငယ်ချင်းတွေက 1 year MBA diploma တက်ကြပါတယ်။ အဲ့တော့ academic ၂ ခု တင်လို့ရသွားတော့ အဲ့အတွက် အမှတ်ရတယ်။ EOI တင်ထားတုန်းမှာကို diploma ဟာ တက်နေလို့ရတယ်။ ကိုယ့်ကျောင်းပြီးသွားတော့ ဒီ certificate ကို ထပ်တင်ပေါ့။

2. IELTS

IELTS က အချိန်သိပ်ယူဖို့ မလိုဘူး လွယ်မှာပါလို့ ထင်ရပေမဲ့ သေချာပြင်ဆင်ဖို့တော့ လိုတယ်။ အဆိုးဆုံးကတော့ Writing ပါ။ ဖြေပြီးတဲ့လူ အများစုက တခြား ၃ခုက အမှတ်ကောင်းရင်တောင် Writing မှာ 6 - 6.5 နဲ့ တစ်နေတတ်ပါတယ်။ ကိုယ့်ဖာသာ self study လုပ်တာထက် စာရင် online/ face-to-face ဆရာတစ်ယောက် ဆီမှာ သေချာတက်ပြီး ပြင်ဆင်ရင် ပိုကောင်းပါတယ်။ ဒါမှ အမှတ်များများ ရဖို့ ဖြေပုံဖြေနည်း တွေ သေချာသိမှာပါ။ ဥပမာ - Speaking ဆို မေးတစ်ခွန်း ဖြေတစ်ခွန်း လုပ်မဲ့ အစား မေးခွန်းတစ်ခုကို အဆင့်ဆင့် ဖြေပုံဖြေနည်းရှိပါတယ်။ အဲ့ဒါတွေ သေချာ လေ့လာ ပြင်ဆင်ဖို့ လိုပါတယ်။

online ေကန ဆို IELTS Simon (https://ielts-simon.com/ (opens in a new tab)) ကို recommend လုပ်ပါတယ်။ သူ့ရဲ့ video course package နဲ့ ebook ဝယ်ပြီး လုပ်ရင် ကောင်းတယ်။ သူ့ site က exercise တွေ အကုန် လေ့ကျင့်ရင် ကောင်းတယ်။ သူ exercise တွေက တိုတိုလေးတွေပါ။ အဲ့တော့ မြန်မြန်ဆန်ဆန် နဲ့ နားလည် ထိရောက်ပါတယ်။

face-to-face ဆို စလုံးက ဆရာ Jonathan (opens in a new tab) ကို recommend လုပ်ပါတယ်။ ဆရာက အိမ်စာတွေ များများပေးတယ်။ အချိန်ပေးပြီး သေချာ လုပ်သင့်ပါတယ်။

vocabulary ကောင်းဖို့လိုတယ်ဆိုလို့ တွေ့တာ လျှောက်ကျက်နေမဲ့အစား သူတို့ မေးလေ့ရှိတဲ့ topic vocabulary ကို သေချာ ကျက်သင့်ပါတယ်။ sample topic vocabulary list လေး ဒီမှာ (opens in a new tab) ကြည့်ပါ။

Writing Essay / Letter က ရေးပြီးတိုင်း ဆရာ တစ်ယောက်ယောက်ကို correction လုပ်ခိုင်းရင် ပိုကောင်းပါတယ်။ ကိုယ့်ဖာသာတော့ Band 9 ရမယ်ပဲ ထင်ပေမဲ့ သူတို့လိုချင်တဲ့ ပုံစံနဲ့ ဘောင်မဝင်တော့ 6 or 6.5 ပဲ ရတတ်ပါတယ်။ အဲ့ဒါကြောင့် သိတဲ့ writing correction service လေးတွေ ရှယ်လိုက်ပါတယ်။

  1. https://www.ielts-blog.com/check-your-ielts-writing/ (opens in a new tab)
  2. IELTS Jonathan (The cost is $15 per submission. A submission consists of 1 x Task 1 and 1 x Task 2.) Jonathan ကို Whatsapp (+65 9768 1054) ကနေ ဆက်သွယ်ပြီး submit လုပ်လို့ရတယ်။
  3. http://www.ieltsanswers.com/writing-correction-ielts.html (opens in a new tab)
  4. https://www.ieltsadvantage.com/2015/07/23/essay-correction-service/ (opens in a new tab)

အဲ့ writing correction service တိုင်းကတော့ မဆိုးပါဘူး။ သူတို့ သေချာစစ်ပေးပြီး အကြံပေးပါတယ်။ အဲ့ correction တွေကနေ ကိုယ့်အမှားကိုယ်ပြင်စစ် ပြန်လေ့လာပြီး အမှတ် ဒီထက်ကောင်းအောင် ကြိုးစားလို့ရပါတယ်။ ကျွန်မဆို writing correction လုပ်လိုက်မှ အမှားတွေ အများကြီး ထွက်လာ သိမည့်လို့ ပြန်လေ့လာ ပြင်လုပ်နေတာပါ။

တချို့က IELTS အတွက် သုံးဖို့ ပိုက်ဆံနှမြောတယ်လို့ ပြောကြပေမဲ့ တစ်ခါဖြေ SGD 360 ကျော်နဲ့ အကြိမ်ကြိမ် ပြန်ဖြေနေရရင်လဲ ပိုက်ဆံ အရမ်း ကုန်တယ်ဆိုတာ မမေ့သင့်ပါဘူး။ အဲ့ဒါကြောင့် ဖြစ်နိုင်ရင် စာသေချာလုပ်ပြီး တစ်ခါတည်းနဲ့ကိုယ်လိုချင်တဲ့ band ရအောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။ တချို့ writing အမှားတွေက ဆရာက မပြင်ပေးရင် ကိုယ့်အမှားကို မသိနိုင်လို့ ဒီအမှားတွေပဲ ထပ်ခါလုပ်မိနေလို့ အမှတ်မကောင်းနိုင်ဘူး။ အဲ့ဒါကြောင့် IELTS တွက် သုံးတဲ့ငွေက သုံးသင့်တဲ့ ငွေ၊ ကိုယ့် English skill အတွက်ပါ level တဆင့် တက်သွားစေနိုင်တာမို့ education အတွက် investment တစ်ခု ဖြစ်ပါတယ်လို့ အကြံပေးပါတယ်။

IELTS အမှတ်မကောင်းခဲ့ရင်လဲ အားမငယ်ပါနဲ့။ ရတဲ့အမှတ်နဲ့ EOI profile အရင် လုပ်ထားပြီး IELTS ပြန်ပြန်ဖြေပြီး ထပ်တင်နေလို့ ရပါတယ်။ အဓိက က pool ထဲ ရောက်ဖို့ပါ။ အမှတ်ချင်းတူတောင် pool ထဲ အရင်ရောက်နေနှင့်တဲ့လူကို ဦးစားပေးမှာပါ။

အားလုံးပဲ IELTS တစ်ခါတည်းဖြေရုံနဲ့ လိုချင်တဲ့ band အမှတ် ရပြီး ကိုယ့်သွားချင်တဲ့ ပန်းတိုင် ခရီးကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်။

CRS Graph

© Thant Zin Oo.RSS