မြန်မာစာ၊ ပြည်ထောင်စုဖောင့် နှင့် မြန်မာနိုင်ငံ
ယခုအခါ Facebook သည် မြန်မာစာအား ဇော်ဂျီဖြင့် ရေးသားထားသည် ဖြစ်စေ၊ ပြည်ထောင်စုဖြင့် ရေးသားထားသည် ဖြစ်စေ အသုံးပြုသူ သုံးစွဲနေသည့် ဖောင့်စနစ်အလျောက် လိုအပ်သလို ပြောင်းလဲပြသပေးနေသဖြင့် အခက်အခဲမရှိ ဖတ်ရှုနိုင်ပြီ ဖြစ်သည်။ အဆိုပါ အလိုအလျောက်ပြောင်းလဲစနစ် (auto conversion) သည် Facebook for Android တွင်သာမက Facebook for iOS တွင်လည်း အလုပ်လုပ်ပါသည်။ Messenger for Android တွင်လည်း လုပ်ပါသည်။ သို့သော် အသုံးပြုသူမှာ မြန်မာနိုင်ငံအတွင်းမှ သုံးစွဲရမည် ဖြစ်ပါသည်။ ပြည်ပမှ အသုံးပြုသူများအတွက် အလိုအလျောက်ပြောင်းလဲစနစ် အလုပ်မလုပ်ပါ။ ပြည်ထောင်စုဖြင့်ရေးသားထားသည့် စာများအား ဖတ်ရှုနိုင်ရန် "Myanmar Unicode Area (opens in a new tab)" Facebook group တွင် အကူအညီ အခမဲ့ ရယူနိုင်ပါသည်။
© Thant Zin Oo.RSS