iPhone တွင် ဇော်ဂျီသာမက ယူနီကုဒ်ပါ ဖတ်နိုင်ရန် လုပ်နည်း အဆင့်ဆင့်
iPhone တွင် ဇော်ဂျီသာမက ယူနီကုဒ်ပါ ဖတ်နိုင်ရန် လုပ်နည်း အဆင့်ဆင့် ဤလမ်းညွှန်သည် လက်ရှိသင်၏ iPhone တွင် ဇော်ဂျီဖောင့် (ပရိုဖိုင်) နှင့် ဇော်ဂျီလက်ကွက် ကီးဘုတ် သွင်းထားသည်ဟု ယူဆသည်။
ပထမဆုံးအနေဖြင့် ဇော်ဂျီဖောင့် (ပရိုဖိုင်)ကို ဖုန်းထဲမှ ဖျက်ပါ။
၁။ Settings > General > Profile သို့ သွား၍ Zawgyi-One.ttf ကို နှိပ်ပါ။
၂။ အနီရောင် Delete Profile အား နှိပ်ပါ။
၃။ Passcode တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပေးပါ။
၄။ အနီရောင် Delete အား တစ်ခါထပ်နှိပ်ရန် လိုသည်။
ဒုတိယအဆင့်အနေဖြင့် ဇော်ဂျီကုဒ် (ပရိုဖိုင်) ကို ဖုန်းထဲ ထည့်သွင်းပေးပါ။
၁။ MyFont app ဖုန်းထဲတွင် မရှိပါက App Store မှ Download လုပ်ယူပါ။
https://itunes.apple.com/…/app/myfont-myanmar-…/id855256130… (opens in a new tab)
၂။ MyFont သွင်းပြီးပါက အဆိုပါ App အားဖွင့်၍ အောက်ဆုံးအထိ scroll လုပ်ပါ။
၃။ ZawDecode 1.1 အား တွေ့လိမ့်မည်။ နှိပ်၍သွင်းပါ။
၄။ “This website is trying to open Settings…” ပေါ်လာလျှင် Allow လုပ်ပေးပါ။ (မပေါ်လာလျှင် ဤအဆင့်မလိုပါ။)
၅။ ညာဘက်အပေါ်မှ Install အားနှိပ်ပါ။
၆။ Passcode တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပေးပါ။
၇။ “The profile is not signed” ဟု ပေါ်လိမ့်မည်။ ညာဘက်အပေါ်မှ Install အားထပ်နှိပ်ပါ။
၈။ အနီရောင် Install အား တစ်ခါထပ်နှိပ်ပါ။
၉။ ညာဘက်အပေါ်မှ Done နှိပ်၍ ထွက်ပါ။
အထက်ပါအဆင့်များပြီးလျှင် Facebook ဖွင့်ကြည့်ပါ။ အဆင်မပြေသေးပါက Facebook application အား kill လုပ်ပြီး ပြန်ဖွင့်ပါ။ ယူနီကုဒ် ၁၀၀% မှန်၍ ဇော်ဂျီ ၈၅% မှန်သော အနေအထေားကို ရရှိမည်။ (အချိန်တခုပေး၍ စမ်းသပ်သုံးစွဲပါက အမှားအယွင်းအနည်းငယ်ရှိနေသည့်တိုင် ဇော်ဂျီအား ကျင့်သားရ၍ ဖတ်ရှုလာနိုင်မည် ဖြစ်သည်။)
တတိယအဆင့်အနေဖြင့် ယူနီကုဒ်ရိုက်ရန် ကီးဘုတ် ထည့်သွင်းပေးပါ။
ယူနီကုဒ်ကီးဘုတ်ထည့်သွင်းရန် ဇော်ဂျီကီးဘုတ်အား ဖျက်ပစ်ရန်မလိုပါ။ ၂ခု အတူယှဉ်တွဲ သွင်းထားနိုင်ပါသည်။
၁။ TTKeyboard ဖုန်းထဲတွင် မရှိပါက App Store မှ Download လုပ်ယူပါ။
https://itunes.apple.com/us/app/ttkeyboard/id919884616?mt=8 (opens in a new tab)
၂။ သွင်းပြီးပါက Settings > General > Keyboards > Keyboards အဆင့်ဆင့်သွားပါ။
၃။ “Add New Keyboard…” အားနှိပ်ပါ။
၄။ “Third-Party Keyboard” အောက်တွင် TTKeyboard ကိုတွေ့လိမ့်မည်။ နှိပ်ပါ။
၅။ လက်ကွက် အမျိုးမျိုးအား Khmer, Mon အစချီ၍ တွေ့ရလိမ့်မည်။
၆။ MyanSan ဘေးရှိ ခလုပ်အား နှိပ်၍ ရွေးပါ။
၇။ ပြီးနောက် Done နှိပ်၍ ထွက်ပါ။
အထက်ပါအဆင့်များပြီးလျှင် ယူနီကုဒ်ကီးဘုတ်အား စတင်သုံးစွဲနိုင်ပါပြီ။
iPhone တွင် iOS 10 သုံးစွဲနေပြီး ယူနီကုဒ်သီးသန့်သာ သုံးစွဲရန် ဆုံးဖြတ်ပါက ဘာမျှ အထွေအထူး လုပ်ဆောင်ရန် မလိုပေ။ iOS 10 တွင် မြန်မာယူနီကုဒ်ဖောင့် ပါဝင်ပြီး ဖြစ်သည်။ ဇော်ဂျီဖောင့် (ပရိုဖိုင်) သွင်းထားလျှင် ယင်းဖုန်းထဲမှ ဖျက်ပစ်လိုက်ရုံဖြင့် ယူနီကုဒ်စာများအား စတင် ဖတ်ရှုနိုင်မည် ဖြစ်သည်။ (ဖျက်ရန် အဆင့်များအား အပေါ်တွင် ရှု)
© Thant Zin Oo.RSS