ရေခဲတုံး ကြည်ကြည်လေးများ

ရေခဲလိုက်ရင် အလယ်မှာ နောက်ကျိကျိနဲ့ လေတွေ ဝင်နေတတ်ပါတယ်။ Crystal Clear မဖြစ်ပါဘူး။ Crystal Clear လိုချင်ရင်

၁။ သေသေချာချာ စစ်ထားတဲ့ ရေကို ဆူအောင် တည်ပါ။

၂။ ဆူသွားပြီဆိုရင် အအေးခံပါ။

၃။ ဒုတိယအကြိမ် ဆူအောင် ပြန်တည်ပါ။

၄။ ပြီးရင် ပြန်အအေးခံပါ။

၅။ နောက်ဆုံးအဆင့် အနေနဲ့ နှစ်ခေါက် ဆူအောင် တည်ထားတဲ့ ရေကို ပုံစံခွက်လေးထဲ ထည့်ပြီး ခဲလိုက်ပါ။ ကြည်လင်နေတာကို တွေ့ရလိမ့်မယ်။

တဲ့။ အထင်ကရ Blog ကြီး တစ်ခုမှာ ရေးထားတာပဲ။ စမ်းတော့ မကြည့်ရသေးဘူး။ ရေကို နှစ်ခေါက် ဆူအောင် လုပ်ရင် ရေထဲက လေတွေ အငွေ့ပြန်သွားတယ် ဆိုလားပဲ။ သိပ်တော့ နားမလည်ဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ မလိုအပ်ပဲ မလုပ်သင့်ဘူးလို့ ထင်တယ်။ စွမ်းအင် အရမ်းကုန်မယ့် ကိစ္စကြီးမို့ပါ။

Connection ကောင်းတယ်ဆိုရင်တော့ ဒီမှာ (opens in a new tab) Video Clip လေးရှိတယ်။ ကြည့်ပါ။

© Thant Zin Oo.RSS